ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် သံတွဲခရိုင်၊ သံတွဲမြို့နယ် ခမောင်းတုန်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ရောက်ရှိ ခိုလှုံနေသည့် နေရပ်စွန့်ခွါအိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦး အတွက် ဆန် (၁၇) ပြည် (၄) ဗူး၊ ဆီ (၁) ပိဿာ (၅၀) ကျပ်သား ပဲ (၁) ပိဿာ (၅၀) သားနှင့် ဆား (၇၅) ကျပ်သားတို့ကို (၁၉-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)