ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ကလေးခရိုင်၊ ကလေးမြို့နယ်မှ ပြောင်းရွှေ့အိမ်ခြေ (၅၄၇) အိမ်ထောင်စုမှ လူဦးရေ (၂၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၈၁၃,၂၀၀) ကျပ် တို့အား ဘေးဖြစ်ပွားရာဒေသသို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့နယ်စီမံကိန်း ဦးစီးမှူး၊မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး