Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၄၆) လုံး၊ အိမ်ထောင်စု (၄၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆,၀၀,၀၀၀ိ/-) ကျပ် လူဦးရေ (၂၀၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀,၂၄,၂၀၀ိ/-)ကျပ်တို့အား (၂၈-၉-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၉-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၁းဝဝ) နာရီမှ နေ့လည် (၁၂း၃၀) နာရီအချိန်ထိ သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာ၊ လားဟူနှစ်ခြင်းခရစ်ယာန်ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ရာ လူဦးရေ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူမျာအား သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၇)နေ့တွင် ဝိုင်းမော်မြို့၊ မိုင်းနား KBC စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀)ဦးခန့်အားလည်းကောင်း၊ သာဂရသရက်တော စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀) ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးဟော ပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၇)နေ့တွင် သိန္နီမြို့နယ်၊ပန်စုံကျေးရွာဓမ္မာရုံတွင်ကျေးရွာသား/သူ လူဦးရေ(၆၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်မော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၉-၂၀၁၇) ရက်နေ့တွင် မိုးမောက်မြို့၊ မံပုံကက်သလစ် IDP စခန်း၌ သဘာဝ ဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးလက် ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စု၊ အလန်းကျေးရွာ၌ ပြည်သုလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေး ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်သံအမတ်ကြီး၊ WFP နှင့် World Bank တို့မှ သီးခြားစီလာ ရောက်တွေ့ဆုံမှုသတင်း
၂၇-၉-၂၀၁၇၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Mr. Peter Lysholt Hansen က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် (၂၇-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းက လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင်ဆောင်ရွက်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများ ဆောင်ရွက်နေမှုအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အကောင် အထည်ဖေါ် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ National Varification Process နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊မီးလောင်ကျွန်းကျေး ရွာအုပ်စု၊ပေါက်တောကျွန်းကျေးရွာတွင်(၂၃/၂၄-၉- ၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊လူဦးရေ(၃၆)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ(၇၅၆၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊စုစုပေါင်း(၈၇၅၆၀၀ိ/-)နှင့် ရေစြကို မြို့နယ်၊ညောင်ဇောက်ကျေးရွာအုပ်စု၊ကျောမကြား ကျေးရွာတွင်(၂၃-၉-၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ် ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ် ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊လူဦးရေ(၂၂)ဦးတို့ အတွက်ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀ိ/-)၊အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀ိ/-)၊ စုုစုပေါင်း (၃၄၆၂၀၀ိ/-)တို့ကို ဘေးသင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးထံသို့ (၂၇-၉-၂၀၁၇)ရက်နေ့တွင်လွဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဌာနရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ DAN Mobile application များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်ဘေး၊ ရေဘေး မိုးကြိုးဘေး၊ လေဘေးနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၉-၂၀၁၇)ရက်နေ့တွင်ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာလူဦးရေ(၁၅၀)နှင့် ရေကျော်လေးကျေးရွာလူဦးရေ (၁၅၀) အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









