လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၇)နေ့တွင် ဝိုင်းမော်မြို့၊ မိုင်းနား KBC စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀)ဦးခန့်အားလည်းကောင်း၊ သာဂရသရက်တော စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀) ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးဟော ပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)