သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဌာနရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ DAN Mobile application များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်ဘေး၊ ရေဘေး မိုးကြိုးဘေး၊ လေဘေးနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events