Category Archives: News
-
ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ အကွက်အမှတ် ၁၁ မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၂၂-၁၀-၂၀၁၇) ရက်နေ့၊ (၀၀း၁၅) နာရီအချိန်ခန့်တွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ အကွက်အမှတ် ၁၁ ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၂) ထုပ်၊ ပလပ်စတစ်ရေပုံး (၂) ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်း၊ ဘေးသင့်လူဦးရေ (၁) ဦးအတွက် ရရက်စာဆန်ဖိုးငွေ (၂၁၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၀၂၁၀၀) ကျပ်တိတိအား … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Asian Disaster Preparedness Center (ADPC) မှ Mr. Hans Guttman (Executive Director) ဦးဆောင်သောအဖွဲ့၊ Mr. Giuseppe de Vincentiis, UNHCR Representative ဦးဆောင်သောအဖွဲ့နှင့် H.E. Sultan Bin Saad Al-Muraikhi, Minister of State၊ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ သီးခြားစီ လာရောက်တွေ့ဆုံ
၂၃-၁၀-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Disaster Preparedness Center(ADPC)မှ Mr. Hans Guttman(Executive Director) ဦးဆောင်သောအဖွဲ့က (၂၃-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ADPC အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ … Read more
-
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးတောရွာနှင့် ကြက်မောက်ရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်စဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ call center သို့ ရေကြီးရေလျှံမှုများကြောင့် ဆက်သွယ်အကူအညီတောင်းခံလာသော မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးတောရွာနှင့် ကြက်မောက်ရွာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် ချိတ်ဆက်မှုရယူပြီး အဆိုပါကျေးရွာများအတွက် ရေသန့်ကဒ်၊ ရေသန့်ဆေးပြားများနှင့် ဓာတ်ဆားထုပ်များကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးပို့ခဲ့ပြီး ကျေးရွာချင်းဆက်တံတားမျောပါခြင်းကြောင့် အဆက်အသွယ်ပြတ်တောက် အခက်အခဲဖြစ်ပေါ်နေမှုကိုလည်း သာစည်မြို့ ဇေယျသုခပရဟိတအသင်းနှင့်လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်လည်းကောင်း ယာယီဝါးတံတားဖြစ်မြောက်စေရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနမ့်ဆန်မြို့နယ်တွင်မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သူ (၈၀) ဦးဖြစ်ပါသည်။ အဆိုပါသင်တန်းကို (၂၃ -၁၀-၂၀၁၇)ရက်နေ့မှ (၂၄-၁၀-၂၀၁၇)ထိ(၂)ရက်သင်တန်းဖြစ်ပြီး တက်ရောက်သူသင်တန်းသား/သူ (၅၀)ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနမ့်ဆန်မြို့နယ်တွင်မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သူ (၈၀) ဦးဖြစ်ပါသည်။ အဆိုပါသင်တန်းကို (၂၃ -၁၀-၂၀၁၇)ရက်နေ့မှ (၂၄-၁၀-၂၀၁၇)ထိ(၂)ရက်သင်တန်းဖြစ်ပြီး တက်ရောက်သူသင်တန်းသား/သူ (၅၀)ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ၁,ဘဝသစ်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းမှ သင်တန်းသားများအား သင်ခန်းစာများ ပို့ချပေးမှုအခြေအနေသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၁၇) ရက်နေ့မှ (၂၃-၁၀-၂၀၁၇) ရက်နေ့ထိ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ၁,ဘဝသစ်ကျေးရွာရှိ school cum shelter တွင် Freda နှင့်ပူးပေါင်းဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းနောက်ဆုံးနေ့၌ သင်တန်းသားများအား မုန်တိုင်းကျရောက်စဉ် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင်ပါ၀င်သည့် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ရာသီပြပြက္ခဒိန်ရေးဆွဲခြင်းတို့အပြင်ဂိမ်းကစားခြင်းနည်းများဖြင့် သင်ကြားပို့ချခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြုပုံများ ပြသပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေထောက်ပံ့ပြီးစီးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၂-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀ိ/-)နှင့် စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့် ရွှေပြည်သာ ကျေးရွာတို့၌ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖြစ်ပွားသော ကမ်းပြိုဘေးများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၃၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး တစ်ရပ်အဖြစ် နိုင်ငံတော်က မတူကွဲပြားမှုများကို သဟဇာတဖြစ်စေရေး ကြိုးပမ်းမှု မြှင့်တင်ဆောင်ရွက်မည်
၂၂-၁၀-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မတူကွဲပြားမှုများကို သဟဇာတဖြစ်စေရန်အတွက် မည်သို့မည်ပုံ စီမံခန့်ခွဲမည်ကို မိမိတို့နိုင်ငံတွင် ဆောင်ရွက်နေမှု အတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ “Diversity Management in the Age of Globalization” ဖိုရမ်တစ်ရပ်ကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကျင်းပနိုင်ရေးအတွက် … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၁၀-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မြောက်ဦးမြို့နယ်၊ရှာရှည်ပြင်ကျေးရွာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသော သွပ်မိုး၊ဝါးကာ လူနေအိမ်(၇)လုံး၊တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော သွပ်မိုး၊ဝါးကာ လူနေအိမ်(၁၄)လုံး၊ဓနိမိုး၊ဝါးကာ လူနေအိမ်(၁)လုံး၊အိမ်ထောင်စု(၂၂)စုမှ လူဦးရေ (၈၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊အိမ်ထောင်စု(၇)စုစာ၊ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊အိမ်ထောင်စု(၁၅)စုစာ၊ တာပေါ်လင်(၆ပေ×၃၀၀ပေ)(၂)လိပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၈၀၆၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀၀ိ/-)တို့ကို ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မိတ္ထီလာမြို့နယ် အလည်ရွာ အထကကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
(၂၁-၁၀-၂၀၁၇) ရက်နေ့တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့ နယ် အလည်ရွာ အထကကျောင်း၌ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ကျော်ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









