ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၁၇) ရက်နေ့မှ (၂၃-၁၀-၂၀၁၇) ရက်နေ့ထိ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ၁,ဘဝသစ်ကျေးရွာရှိ school cum shelter တွင် Freda နှင့်ပူးပေါင်းဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းနောက်ဆုံးနေ့၌ သင်တန်းသားများအား မုန်တိုင်းကျရောက်စဉ် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင်ပါ၀င်သည့် ကျေးရွာမြေပုံရေးဆွဲခြင်း၊ ရာသီပြပြက္ခဒိန်ရေးဆွဲခြင်းတို့အပြင်ဂိမ်းကစားခြင်းနည်းများဖြင့် သင်ကြားပို့ချခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြုပုံများ ပြသပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)