(၂၂-၁၀-၂၀၁၇) ရက်နေ့၊ (၀၀း၁၅) နာရီအချိန်ခန့်တွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ အကွက်အမှတ် ၁၁ ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၂) ထုပ်၊ ပလပ်စတစ်ရေပုံး (၂) ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်း၊ ဘေးသင့်လူဦးရေ (၁) ဦးအတွက် ရရက်စာဆန်ဖိုးငွေ (၂၁၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၀၂၁၀၀) ကျပ်တိတိအား (၂၃-၁၀-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)