လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ call center သို့ ရေကြီးရေလျှံမှုများကြောင့် ဆက်သွယ်အကူအညီတောင်းခံလာသော မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးတောရွာနှင့် ကြက်မောက်ရွာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် ချိတ်ဆက်မှုရယူပြီး အဆိုပါကျေးရွာများအတွက် ရေသန့်ကဒ်၊ ရေသန့်ဆေးပြားများနှင့် ဓာတ်ဆားထုပ်များကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးပို့ခဲ့ပြီး ကျေးရွာချင်းဆက်တံတားမျောပါခြင်းကြောင့် အဆက်အသွယ်ပြတ်တောက် အခက်အခဲဖြစ်ပေါ်နေမှုကိုလည်း သာစည်မြို့ ဇေယျသုခပရဟိတအသင်းနှင့်လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်လည်းကောင်း ယာယီဝါးတံတားဖြစ်မြောက်စေရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)