Category Archives: News
-
တပ်ကုန်းမြို့နယ်၊ အ.ထ.က ခွဲ (နွယ်ရစ်) စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အ.ထ.က ခွဲ (နွယ်ရစ်) စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးတို့အား သဘာဝဘေးနှင့်ပတ်သတ်ပြီး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်WFP တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုသင်တန်း (Emergency Logistic Training) ဖွင့်လှစ်ခြင်းနှင့် WFP မှ သိုေလှာင်ရုံအမှတ် (၁၄) ပြုပြင်မွမ်းမံရန်အတွက် အမေရိကန် ဒေါ်လာ (၅၀၀၀၀) နှင့် သိုလှောင်ရုံအတွင်းကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ ဆက်စပ်ပစ္စည်းကိရိယာများအတွက် အမေရိကန်ဒေါ်လာ (၂၀၀၀၀) တန်ဖိုးရှိပစ္စည်းထောက်ပံ့လှူဒါန်း ေပးအပ်မှုသတင်း
၂၄-၁၁-၂၀၁၇၊ နေ ြပည်တော် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်အခြေအနေတွင် ချက်ချင်းတုံံ့ပြန်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်နှင့် ထောက်ပံ့ရေးလုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုသင်တန်း(Emergency Logistic Training) ဖွင့်လှစ်ခြင်းအခမ်းအနားကို (၂၄-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်မြို့ ကျိုက်ဝိုင်းသိုလှောင်ရုံဝန်းအတွင်းရှိ သိုေလှာင်ရုံအမှတ် (၁၄) ပြုပြင်မွမ်းမံရန်အတွက် … Read more
-
ကသာမြို့နယ်၊ ကျောက်ထုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ကသာမြို့နယ်၊ ကျောက်ထုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသား (၄၉၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သော သဘာဝဘေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေး ဗွီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် မီးဘေးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၌ (၁၄-၁၁-၂၀၁၇) ရက်နေ့၊ (၂၃း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် ၁ လုံး မီးဘေးသင့်ခဲ့ရာ အဆိုနေအိမ်အတွက် အိမ်ဆောက်ပစွည်းဖိုး (၇၅၀၀၀) ကျပ်တိတိကို ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာခရိုင်၊ သုံးမိုင်မြို့သစ်၊ လူငယ့်အားမာန်သင်တန်းကျောင််း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်စာသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင်၊ သုံးမိုင်မြို့သစ်၊ လူငယ့်အားမာန်သင်တန်းကျောင််း၌ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၃၀)ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ (၃) ဦး စုစုပေါင်း (၄၃) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများအား ကြိုဆိုမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ (၂၃-၁၁-၂၀၁၇)ရက်နေ့က ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ကျား (၁၇)ဦး၊ မ (၅)ဦး၊ စုစုပေါင်း (၂၂)ဦးတို့အား သွားရောက်ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ (၁၀၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက် လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းရပ်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန် ရှောင်ရန်များ ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဘင်္ဂလားဒေ့ရှ်အစိုးရက ရခိုင်ပြည်နယ်အတွက် လူနာတင်ယာဉ် (၃)စီး လွှဲပြောင်းပေးအပ်မှုသတင်း
၂၃.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသောလူနာတင်ယာဉ် (၃)စီးနှင့် စာရွက်စာတမ်းများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Abul Hssan Mahmood Ali က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ လူနာ တင်ယာဉ် (၃)စီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
-
မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၌် (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် တိုက်အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ငွေ (၂၀၀၀၀၀) ကျပ်တိတိ၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ကျပ်ငွေ(၁၀၅၀၀)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် Hygiene Kits ၁ စုံတို့အား (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၁၁-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်းအောက်ရွာဘုံခန်းမတွင် သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၅၃) ဦးခန့်ရှိကြောင်း … Read more









