၂၃.၁၁.၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသောလူနာတင်ယာဉ် (၃)စီးနှင့် စာရွက်စာတမ်းများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Abul Hssan Mahmood Ali က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ လူနာ တင်ယာဉ် (၃)စီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။