=================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
=================================================
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အ.ထ.က ခွဲ (နွယ်ရစ်) စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးတို့အား သဘာဝဘေးနှင့်ပတ်သတ်ပြီး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။