ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်WFP တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုသင်တန်း (Emergency Logistic Training) ဖွင့်လှစ်ခြင်းနှင့် WFP မှ သို‌ေလှာင်ရုံအမှတ် (၁၄) ပြုပြင်မွမ်းမံရန်အတွက် အမေရိကန် ဒေါ်လာ (၅၀၀၀၀) နှင့် သိုလှောင်ရုံအတွင်းကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ ဆက်စပ်ပစ္စည်းကိရိယာများအတွက် အမေရိကန်ဒေါ်လာ (၂၀၀၀၀) တန်ဖိုးရှိပစ္စည်းထောက်ပံ့လှူဒါန်း ‌ေပးအပ်မှုသတင်း

24_pic01

24_pic02၂၄-၁၁-၂၀၁၇၊ နေ ြပည်တော်

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်အခြေအနေတွင် ချက်ချင်းတုံံ့ပြန်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်နှင့် ထောက်ပံ့ရေးလုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုသင်တန်း(Emergency Logistic Training) ဖွင့်လှစ်ခြင်းအခမ်းအနားကို (၂၄-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်မြို့ ကျိုက်ဝိုင်းသိုလှောင်ရုံဝန်းအတွင်းရှိ သို‌ေလှာင်ရုံအမှတ် (၁၄) ပြုပြင်မွမ်းမံရန်အတွက် အမေရိကန် ဒေါ်လာ (၅၀၀၀၀) နှင့် သိုလှောင်ရုံအတွင်း ကယ်ဆယ်ရေးစ္စည်း သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ ဆက်စပ်ပစ္စည်းကိရိယာများအတွက် အမေရိကန်ဒေါ်လာ (၂၀၀၀၀ )တန်ဖိုးရှိ ပစ္စည်းများအား WFP မှ Head of Supply Chain, Mr. Jean Luc Kohler က လွှဲပြောင်းေပးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

 

 

 

 

Sign Up

Upcoming Events