သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၁၁-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ‌ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်းအောက်ရွာဘုံခန်းမတွင် သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၅၃) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:       ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events