=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ (၁၀၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက် လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းရပ်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန် ရှောင်ရန်များ ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။