Category Archives: News
-
ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ (၂၉-၁၁-၂၀၁၇) ရက်နေ့ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် တစ်ဦးလျှင်၅၀၀၀၀ နှုန်းဖြင့် ထောက်ပံငွေ ၁၀၀၀၀၀ ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် ဒဏ်ရာရရှိသူ လူနာများထံသို့ သွားရောက်၍ ထောက်ပံ့ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၊ အညာဖျားမူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ အင်အား (၁၅၅) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်း စာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် အ.ထ.က သရက်ချောင်း၌ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ အောင်စင်္ကြာဓမ္မာရုံ၌ လူဦးရေ (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာတို့တွင် (၂၄-၁၁-၂၀၁၇) နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ၅ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၄၂,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၄၂,၀၀၀)ကျပ်တို့ကို (၂၈-၁၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီမှ (၀၈:၀၀)နာရီ အချိန်ထိ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက် ကချင်နှစ်ခြင်းကျောင်းရှိ တိုက်ပွဲရှောင်စခန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အဖြစ်ပွားမှီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်(အလယ်)ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်(အလယ်)ကျေးရွာ၌ (၂၄-၁၁-၂၀၁၇) ရက်နေ့ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀) ကျပ် လူဦးရေ (၃) ဦးစာအတွက် (၆၃၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀) ကျပ်(ကျပ်တစ်သိန်းခြောက်ထောင့်သုံးရာတိတိ)အား (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သန်လျင်မြို့နယ်ရှိဇာမဏီဆည် (၁၅) ပေခန့် ကျိုးပေါက်ခဲ့မှုတွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၈-၁၁-၂၀၁၇)ရက်နေ့ နံနက် (၆:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအပိုင် ဇာမဏီဆည်တွင် ထူးပေါက်များကြောင့် ရေစိမ့်ထွက်ရာမှဆည်၏ အရှေ့ဘက် (၁၅)ပေခန့် ကျိုးကျခဲ့သဖြင့် ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာတွင် ရေများဝင်ရောက်ခဲ့ရာ နေအိမ်အချို့ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် သန်လျင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးဖြစ်ပွား ရာနေရာသို့ သွားရောက်ကာ ခေတ္တပြောင်းရွှေ့အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၅၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငပုတောမြို့နယ်ကြက်ခြေနီနှင့် ဒီးဒူးကုန်းကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၂၈-၁၁-၂၁၀၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူး ကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် ဆူနာမီဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား (၃၀၀) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေး ရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် (၂၅-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) စုစုပေါင်း (၁၁၀,၅၀၀) ကျပ်တို့အား(၂၈-၁၁-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









