ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၊ အညာဖျားမူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ အင်အား (၁၅၅) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်း စာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)