ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

28 Pic 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငပုတောမြို့နယ်ကြက်ခြေနီနှင့် ဒီးဒူးကုန်းကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၂၈-၁၁-၂၁၀၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူး ကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် ဆူနာမီဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား (၃၀၀) ဦး တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါ သည်။ ၎င်းနောက် ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်များအား တက်ရောက် လာသူများသို့ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းထုပ်၊ တီရှပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဆူနာမီဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ဆူနာမီဘေးခံစားခဲ့ဖူးသည့် ကမ်းခြေဒေသများတွင် ဘေးမဖြစ်ပွားမီ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ်ကျရောက်လာပါက ရင်ဆိုင်တုံ့ပြန်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းသက်သာ စေမည်ဖြစ်ပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events