သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

28-pic 01ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီမှ (၀၈:၀၀)နာရီ အချိန်ထိ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက် ကချင်နှစ်ခြင်းကျောင်းရှိ တိုက်ပွဲရှောင်စခန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အဖြစ်ပွားမှီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events