ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

29 Pic 02

=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ (၂၉-၁၁-၂၀၁၇) ရက်နေ့ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် တစ်ဦးလျှင်၅၀၀၀၀ နှုန်းဖြင့် ထောက်ပံငွေ ၁၀၀၀၀၀ ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် ဒဏ်ရာရရှိသူ လူနာများထံသို့ သွားရောက်၍ ထောက်ပံ့ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events