သန်လျင်မြို့နယ်ရှိဇာမဏီဆည် (၁၅) ပေခန့် ကျိုးပေါက်ခဲ့မှုတွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29 Pic 01

(၂၈-၁၁-၂၀၁၇)ရက်နေ့ နံနက် (၆:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအပိုင် ဇာမဏီဆည်တွင် ထူးပေါက်များကြောင့် ရေစိမ့်ထွက်ရာမှဆည်၏ အရှေ့ဘက် (၁၅)ပေခန့် ကျိုးကျခဲ့သဖြင့် ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာတွင် ရေများဝင်ရောက်ခဲ့ရာ နေအိမ်အချို့ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် သန်လျင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးဖြစ်ပွား ရာနေရာသို့ သွားရောက်ကာ ခေတ္တပြောင်းရွှေ့အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၅၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၄၅)အိမ်ထောင်စာနှင့် ဆန်ရိက္ခာ(၁၄)ရက်စာဖိုး (၆၅၉,၄၀၀) ကျပ်တို့အား ချက်ချင်းသွားရောက်ထောက်ပံ့ပေးခဲ့ပြီး လိုအပ်သည်များဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

 

Sign Up

Upcoming Events