Category Archives: News
-
လူမှုသဟဇာတဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ၄.၁၂.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)တို့ပူးပေါင်းပြီး လူမှုသဟဇာတဆိုင်ရာအရည်အသွေးမြှင့်တင်ရေးအဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို ၃.၁၂.၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကလူမှုသဟဇာတဆိုသည်မှာ မတူကွဲပြားခြားနားသည့် လူမှုအသိုင်းအဝိုင်းများ ကို ရင်းနှီးပေါင်းစည်းမှုဖြစ်စေသည့်အတွက် အရေးကြီးပါကြောင်း၊ မတူကွဲပြားခြားနားမှုများကို အပေါင်း လက္ခဏာဆောင်သည့် ရှုမြင်သုံးသပ်မှုနှင့် အတူပေါင်းကူးပေးလိုက်ပါက လူမှုရေးအရည်အသွေးများ ပြည့်၀ လာပြီး ပြောင်းလဲတိုးတက်မှုများရရှိလာမည် ဖြစ်ကြောင်း၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၇)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)၊ အမှတ်(ဆ)ရပ်ကွက်တွင်ဖြစ်ပွားသော မီးဘေးတွင် မီးဘေးသင့် အိမ်ထောင်စု(၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Hygiene Kit အိမ်ထောင်စု(၃)စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာအတွက်(၅၀၄၀၀ိ/-)ကျပ်၊ စုစုပေါင်း(၄၅၀၄၀၀ိ/-)ကျပ်အား (၄-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ငလျင်ဘေးအသိပညာပေးပိုစတာများဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၁၇)ရက်နေ့တွင် မုံရွာမြို့ရှိ ကားဂိတ်များ၊ အမြန်ရေယာဉ်ဂိတ်များ၊ ရထားဘူတာများသို့ ငလျင်ဘေးအသိပညာပေး ပိုစတာများကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကိုဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကနှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ် သည့်မြန်မာနိုင်ငံအနေဖြင့်ဂုဏ်ပြုကျင်းပခဲ့သည်မှာ(၂၄)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Transformation towards sustainable and resilient society for all (စဉ်ဆက် မပြတ်ဖွံ့ဖြိုးဖို့ခံနိုင်စွမ်းသောလူ့ဘောင်သို့အားလုံးပါဝင်ပြောင်းလဲစို့) ဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အကျိုးကိုဖော်ဆော်ပေးနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်၍ အစဉ်အလာအရကျင်းပခြင်းထက် ပိုပြီးအဓိပ္ပါယ်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏(၁)ဘီလီလျံကျော်သည် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၄-၁၂-၂၀၁၇ ) နေ့တွင် ခန္တီးမြို့၊ မြို့မဈေးအတွင်းရှိ ပြည်သူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။
-
မသန်စွမ်းသူများဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရ၊ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဘေးဂျင်းမြို့တွင် ပြည်ထောင်စုဝန်ကြီး ဆွေးနွေး
(၁.၁၂.၂၀၁၇) ရက်နေ့၊ နေပြည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် အာရှ-ပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်နှင့်စပ်လျဉ်းသည့် အစိုးရများအကြား ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကြားကာလပြန်လည်သုံးသပ်ခြင်း အစည်းအဝေး သို့ တက်ရောက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့ နံနက်ပိုင်းတွင် ဘေဂျင်းမြို့ရှိ Occupational Rehabilitation Center for Persons with Disabilities သို့သွားရောက် … Read more
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၉၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာ ငွေကျပ် (၉၈,၇၀၀)နှင့် အိမ်ထောင်စု(၁၄)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Hygiene Kits (၁၄)စုံ တို့အား (၁-၁၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇)ရက်နေ့တွင် သူနာပြုသင်တန်းကျောင်း၊ မန္တလေးမြို့သို့သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်၍ ရှောင်ရန်/ဆောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ကြိုတင်ပြင်ဆင်ခြင်းများ၊ သဘာဝဘေးလျော့ပါးရေးဆောင်ရွက်နိုင်သော နည်းလမ်းများ၊ ပိုးမွှားဘေးအန္တရာယ်များ စသည့် အသိပညာပေးဆွေးနွေးဟောပြောချခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ သူနာပြုကျောင်းသူ (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ မင်းရပ်အုပ်စု၊ င/အုပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးများမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးနောက်ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ ဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူများနှင့် အလယ်တန်းကျောင်းသူ/ကျောင်းသားစုစုပေါင်း (၅၇)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









