ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၉၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာ ငွေကျပ် (၉၈,၇၀၀)နှင့် အိမ်ထောင်စု(၁၄)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် Hygiene Kits (၁၄)စုံ တို့အား (၁-၁၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။