စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကိုဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကနှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ် သည့်မြန်မာနိုင်ငံအနေဖြင့်ဂုဏ်ပြုကျင်းပခဲ့သည်မှာ(၂၄)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Transformation towards sustainable and resilient society for all (စဉ်ဆက် မပြတ်ဖွံ့ဖြိုးဖို့ခံနိုင်စွမ်းသောလူ့ဘောင်သို့အားလုံးပါဝင်ပြောင်းလဲစို့) ဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အကျိုးကိုဖော်ဆော်ပေးနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်၍ အစဉ်အလာအရကျင်းပခြင်းထက် ပိုပြီးအဓိပ္ပါယ်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏(၁)ဘီလီလျံကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကိုခံစား နေရပြီး  လူ့အသိုက်အဝန်းတွင်အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ဆုံးရှုံးနေသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများကို အခြေပြုသောတရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့ အစည်းအတွင်းလူတန်းစေ့ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာရရှိစေရေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်  ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သင်တန်းကျောင်းအခြေပြုအဖြစ် မသန်စွမ်းသင်တန်းကျောင်း(၈)ကျောင်းဖွင့်လှစ်၍ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့် ဖ့ွံဖြိုး တိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးစောင့်ရှောက်ရန်လိုအပ်သော ဉာဏ်ရည်မသန်စွမ်းအပါအဝင် မသန်စွမ်းသူများအတွက် အထူးပညာရေးစနစ်များဖော်ဆောင်ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အတားအဆီးကင်းသောပတ်ဝန်းကျင်ဖန်တီးခြင်း၊ လူထုအား အသိပညာပေးခြင်းစသည့်လူမှုရေးဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းကိုလည်း ရပ်ရွာအခြေပြု လုပ်ငန်းအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် တွင်ပြဌာန်းခဲ့ပြီး နည်းဥပဒေများကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဘဏ္ဍာနှစ်အလိုက်ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အပြုအမူပိုင်းဆိုင်ရာပြဿနာရှိခြင်း၊ ခန္ဓာကိုယ်/ ဉာဏ်ရည် မသန်စွမ်းမှုရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းတို့ကို ခံစားရနိုင်ခြေရှိသောမွေးစမှ အသက် (၅) နှစ်အထိရှိသောကလေးများကို ဖော်ထုတ်ကာမိသားစုများအတွက် ဝန်ဆောင်မှုပေးမည့်ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention-ECI)စနစ်ပေါ်ပေါက်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရသစ်၏ရက် (၁၀၀)လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံမသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာ ဗျူဟာ(၂၀၁၆-၂၀၂၅)ကိုချမှတ်ထားရှိပါကြောင်း၊ ထို့အပြင်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်းဖွဲ့စည်းပြီးဖြစ်၍ ယခုလအတွင်းကော်မတီ၏ ပထမအကြိမ်အစည်း အဝေးကိုကျင်းပသွားမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ၂၀၃၀ အစီအစဉ်ကို ဖော်ဆောင် ရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘေကျင်းမြို့တွင် နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာ လ(၁)ရက်နေ့အထိကျင်းပပြုလုပ်သည့် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆယ် စုနှစ် (၂၀၁၃-၂၀၂၂) ဆိုင်ရာဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ အဆင့်ကြားကာလ ပြန်လည်သုံးသပ်ရေးအစည်းအဝေးသို့ မိမိနှင့်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ၏မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်လျဉ်းသည့်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း အစီအစဉ်များကိုဆွေးနွေးမျှဝေခဲ့ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် ဘေကျင်းကြေငြာချက်ဆိုင် ရာလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခွင့်အလမ်းများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် လူသား အားလုံးအကျုံးဝင်ပေါင်းစည်းပါဝင်နိုင်မှသာ အောင်မြင်မှုအပြည့်အဝရရှိမည်ဖြစ်ကြောင်း၊ ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရေးတွင် မည်သူတစ်ဦးတစ်ယောက်မျှနောက်ကျကျန်ရစ်မနေရန်မှာ အရေးကြီး ကြောင်း၊ ယနေ့ရင်ဆိုင်တွေ့ကြုံနေရသော စိန်ခေါ်မှုများကိုပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်းကူညီခြင်း၊ ပေါင်းစပ်ညှိနိုင်းခြင်းတို့ဖြင့် ဆောက်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအကျုံးဝင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီစေရေး ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကို ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ ဌာနေကိုယ်စားလှယ်ကဖတ်ကြားပြီး မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာစွမ်းဆောင် မှုထူးချွန်ဆုကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထူးဂုဏ်ပြုဆုကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်းကောင်း၊ လူတိုင်းအကျုံးဝင်ပညာရေးအကောင်အထည်ဖော်ဆောင်ရွက် မှုထူးချွန်ဆုကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်းကောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အရေးဆိုင်ရာထူးချွန် ဆုကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းကလည်းကောင်း၊ မသန်စွမ်းသူများ အတွက် မီဒီယာထူးချွန်ဆုကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်ကလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် မသန်စွမ်းကလေးများ၏ အကအဖွဲ့(၂)ဖွဲ့က ကပြဖျော်ဖြေကာ မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ်ဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများသည် တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းဓါတ်ပုံရိုက်ကူး၍ ခင်းကျင်းပြသထားသည့်ပြခန်းများကို ကြည့်ရှုအားပေးခဲ့ပါကြောင်းသတင်းရရှိခဲ့ပါသည်။

နေပြည်တော်၊ ၃.၁၂.၂၀၁၇

Sign Up

Upcoming Events