ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ မင်းရပ်အုပ်စု၊ င/အုပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးများမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးနောက်ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ ဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူများနှင့် အလယ်တန်းကျောင်းသူ/ကျောင်းသားစုစုပေါင်း (၅၇)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။