နေပြည်တော်၊ ၄.၁၂.၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)တို့ပူးပေါင်းပြီး လူမှုသဟဇာတဆိုင်ရာအရည်အသွေးမြှင့်တင်ရေးအဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို ၃.၁၂.၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကလူမှုသဟဇာတဆိုသည်မှာ မတူကွဲပြားခြားနားသည့် လူမှုအသိုင်းအဝိုင်းများ ကို ရင်းနှီးပေါင်းစည်းမှုဖြစ်စေသည့်အတွက် အရေးကြီးပါကြောင်း၊ မတူကွဲပြားခြားနားမှုများကို အပေါင်း လက္ခဏာဆောင်သည့် ရှုမြင်သုံးသပ်မှုနှင့် အတူပေါင်းကူးပေးလိုက်ပါက လူမှုရေးအရည်အသွေးများ ပြည့်၀ လာပြီး ပြောင်းလဲတိုးတက်မှုများရရှိလာမည် ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို နားလည်သဘောပေါက်ပြီး လူမှုရေးကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း၊ လူမှုရေးအကူအညီပေးမှုနှင့်စပ်လျဉ်း၍ ခေတ်စနစ်နှင့် လျော်ညီ သောလူမှုရေးဘာသာရပ်ကို အမြဲမပြတ်လေ့လာပြီး ပြောင်းလဲကျင့်သုံးရန်လိုအပ်ပါကြောင်း၊ မတူကွဲပြားမှု အမျိုးမျုးိကို သဟဇာတဖြစ်ဖို့ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ရာ စိတ်ရှည်သည်းခံပြီး နားလည်မှုများဖြင့် ဘုံရည်မှန်းချက် (Common Good) ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်းပြောကြားပါသည်။
ယင်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အဆိုပါ လူမှုသဟဇာတဆိုင်ရာ အရည်အသွေး မြှင့်တင်ရေးဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာမှ အဆင့်မြင့် အရာရှိကြီးများတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။