Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၌ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၃,၆၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀) ကျပ်တို့အား (၇-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ပြည်ထောင်စုစီမံကိန်းအား သံတမန်များနှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ရှင်းလင်းအသိပေး
၇.၁၂.၂၀၁၇၊ နေပြည်တော် ၂၀၁၇ခုနှစ်၊ သြဂုတ်လ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နယ်စပ်ရဲစခန်းများကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြည်တွင်းတွင် နေရပ်စွန့်ခွါထွက်ပြေးသူများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရွှေ့ပြောင်း ခိုလှုံသူများရှိခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သြဂုတ်လ (၂၇)ရက်နေ့မှစ၍ လူသားချင်းစာနာမှု အကူအညီ ပေးရေးကို အမြန်ဆုံးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများပိုမိုထိရောက်စေရန် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) ဖြင့် ဆောင်ရွက်စေခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စသည် ရေတိုဖြေရှင်းနည်းဖြင့်မရဘဲ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်ကို နားလည်သဘောပေါက်လျက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇) ရက်နေ့တွင် ငလျင်ဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှေ့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာ(အ.ထ.က)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၆) ရပ်ကွက်၌ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀) ကျပ်တို့အား (၇-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မောင်တောဒေသ စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာသည့် မောင်တောမြို့၊ မြို့မကညင်တန်းရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု (၁၃၆)စု လူဦးရေ (၄၈၈)ဦးအတွက် ဆန် (25)kg (၃၁)အိတ်၊ ပဲ (၁၃၆)ပိဿာ၊ ဆီ (၁၃၆) လီတာ၊ ကော်ဖီမစ် (၂၇၂၀)ထုပ်နှင့် ခေါက်ဆွဲခြောက် (၄၀၈)ထုပ်တို့အား (၆-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မောင်တောဒေသ ARSA အကြမ်းဖက်တိုက်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောဒေသ ARSA အကြမ်းဖက်တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးတောကျေးရွာသို့ နေရပ် စွန့်ခွာလာသော တိုင်းရင်းသား အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးနှင့် စားနပ်ရိက္ခာ (၁)လစာ ဆန် (၃၇.၅) အိတ်၊ ဆီ (၁၄)ပိသာ၊ ဆား (၇) ပိသာတို့အား (၆-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၁၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝ ဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ အဖွင့် အမှာစကားပြောကြားခြင်း၊ အပြန်အလှန်ဟောပြောညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြရာ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးအန္တရာယ်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့တွင် ကလေးမြို့၊ စိမ်းလန်းဈေးတွင် ငလျင်ဘေးအန္တရာယ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)









