ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာသည့် မောင်တောမြို့၊ မြို့မကညင်တန်းရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု (၁၃၆)စု လူဦးရေ (၄၈၈)ဦးအတွက် ဆန် (25)kg (၃၁)အိတ်၊ ပဲ (၁၃၆)ပိဿာ၊ ဆီ (၁၃၆) လီတာ၊ ကော်ဖီမစ် (၂၇၂၀)ထုပ်နှင့် ခေါက်ဆွဲခြောက် (၄၀၈)ထုပ်တို့အား (၆-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)