ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၌ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၃,၆၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀) ကျပ်တို့အား (၇-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)