ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောဒေသ ARSA အကြမ်းဖက်တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးတောကျေးရွာသို့ နေရပ် စွန့်ခွာလာသော တိုင်းရင်းသား အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးနှင့် စားနပ်ရိက္ခာ (၁)လစာ ဆန် (၃၇.၅) အိတ်၊ ဆီ (၁၄)ပိသာ၊ ဆား (၇) ပိသာတို့အား (၆-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)