ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၁၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝ ဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ အဖွင့် အမှာစကားပြောကြားခြင်း၊ အပြန်အလှန်ဟောပြောညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြရာ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)