Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ ဘုရား ကြီး၌ ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းအုပ်စု၊ ဝတ်ကုန်းကျေးရွာ၌ (၂၄-၁၂-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀) ကျပ်တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွားရောက်လေ့လာ၍ တွေ့ရှိချက်နှင့် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌဦးဝင်းမြဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံရှင်းလင်းမှုသတင်း
နေပြည်တော်၊ ၂၇-၁၂-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင် ဥက္ကဌဦးဝင်းမြဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မောင်တော ဒေသသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းသွားရောက်လေ့လာခဲ့စဉ် တွေ့ရှိရသည့် အနေအထားများ၊ အစိုးရ၏ ဆောင်ရွက်ချက် များနှင့်သတင်းများကို ပြင်ပမှ သေချာမသိကြ၍ နေရပ်စွန့်ခွာပြည်သူများ၏ စိုးရိပ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ သွားရောက် လေ့လာခဲ့စဉ်အချိန်က ပြည်တွင်းရှိနေရပ်စွန့်ခွာအစ္စလာမ်ဘာသာဝင်မိသားစုများ၊ ရခိုင်တိုင်းရင်းသားများ၊ လူနည်းစုတိုင်းရင်းသားများအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုပီပြင်စွာတွေ့မြင်ရသော်လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေး … Read more
-
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးရေးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မှာကြား
================================================= နေပြည်တော်၊ ၂၇-၁၂-၂၀၁၇ ================================================= ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၁၇) ကို (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရအသစ်သည် ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ အားထုတ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လူတိုင်း ကလေးသူငယ်မှအစ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဖော်ဆောင်ပေးခြင်းသည် မညီမျှခြင်း၊ စိတ်ခံစားမှု ပြင်းထန်စေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခများကို လျော့နည်းစေသဖြင့် … Read more
-
မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာ၌ လေဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၀-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာ၌ လေဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၀၀၀၀၀) ကျပ်အား (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၀-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ မီးဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ဘိုး(၇) ရက်စာထောက်ပံ့ငွေ (၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မကွေးမြို့၊ ကန်သာရပ်ကွက်(A) အုပ်စုတွင် (၂၂-၁၂-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး (၂၃၁၀၀/-)၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ် တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဘားပုကျေးရွာရှိ စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ လှောကာကျေး ရွာအုပ်စု၊ ဘားပုကျေးရွာရှိ စာသင်ကျောင်း၌ ကျေးရွာနေ ပြည်သူပေါင်း (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တက်ရောက်လာသူများထံ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဖြန့်ဝေပေးခဲ့ပြီး မီးဘေး ရေဘေး မုန်တိုင်းဘေး မိုးကြိုးဘေး ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးအဆင့် သဘာဝဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းဆိုင်ရာ အသိပညာများနှင့် အတွေ့အကြုံသင်ခန်းစာများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
=================================================== Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)——– ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် UN- Habitats တို့ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် သဘာဝဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းဆိုင်ရာ အသိပညာများနှင့် အတွေ့အကြံု သင်ခန်းစာများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) နာရီမှ (၁၅း၃၀) နာရီအချိန်တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုး (ကဆရ) မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းပြ၍ … Read more
-
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျွေးမွေးစရိတ်အဖြစ် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
================================================= Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ကျွေးမွေးစရိတ်အဖြစ် ငွေကျပ်သိန်းငါးဆယ် ( ၅၀၀၀၀၀၀ိ/-) တိတိကို ထောက်ပံ့ခဲ့ရာ (၂၇- ၁၂ -၂၀၁၇) ရက်နေ့တွင် မြဝတီခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက မြဝတီခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းရန်ပုံငွေသို့ ပေးသွင်းခဲ့ကြောင်း သိရှိရပါသည်။









