မီးဘေးထောက်ပံ့မှုသတင်း

28 Pic 02ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းအုပ်စု၊ ဝတ်ကုန်းကျေးရွာ၌ (၂၄-၁၂-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀) ကျပ်တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events