Category Archives: News
-
ခန္တီးမြို့ အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၈ ) ရက်နေ့ (၁၀းဝဝ) နာရီအချိန်တွင် ခန္တီးမြို့ အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း)၌ ကျောင်းသား၊ ကျောင်းသူ (၂၀၅) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
စက်ရေတွင်းသစ်တူးဖော်ခြင်းအတွက်အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူများသည် နတ်မောက်မြိ့ုနယ်၊ ပိတောက်ငုတ်ကျေးရွာစက်ရေတွင်းသစ် တူးဖော်ခြင်းအတွက်ဝန်ကြီးဌာနမှလှူဒါန်းငွေသိန်း(၁၀၀)ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင် တင်လင်းတို့နှင့်အတူ(၇.၁.၂၀၁၇)ရက်နေ့(၀၉၀၀)အချိန်က ပိတောက်ငုတ်ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရှိစက်ရေတွင်းသစ်အနီးတွင်စက်ရေတွင်းဖြစ်မြောက်ရေး ကော်မတီထံသို့လှူဒါန်းခဲ့ပါသည်။ အဆိုပါစက်ရေတွင်းသစ်တူးဖော်ပေးခြင်းကြောင့် ကျေးရွာရှိအိမ်ထောင်စု(၁၅၀)လူဦးရေ(၉၀၀)ဦးတို့ကို သောက်သုံးရေဖူလုံစေမည့်အပြင်တွင်းအနက်(၇၇၀)ပေတွင် ရေချိုထွက်ရိခြင်းကြောင့်ရွာသူရွာသားများကကျေးဇူးတင် ဝမ်းမြောက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။
-
UEHRD လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားရန် စီစဉ်ဆောင်ရွက်နေမှုသတင်း
ပြည်သူများအတွက် UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက် လေမိုးဒဏ်ခံ ယာယီအဆောက်အဦများကို အသင့်ပြင်ဆင်ထားရှိရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကစီစဉ်လျက်ရှိပါသည်။ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ သွားရောက်ပြီးကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူထားရှိသည့် အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့်(၉ပေ x ၇လက်မ)ရှိလူဦးရေ (၁၀)ဦးဆံ့ မိုးကာတဲများကို ကြည့်ရှုပါသည်။ မိုးကာတဲများသည် ဘယ်ဂျီယံနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ (၁)လုံးအတွက် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှု/ကယ်ဆယ်ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ပေါ်သို့ရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း၄ခုနှင့် မိုင်းငေါ့မြို့သို့ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၃၁၃) စ ုစာ၊ တန်ဖိုး (၆၉၀၆၆၅၈ိ/-) နှင့် လူဦးရေ (၁၂၀၀) ဦးအတွက် ရိက္ခာဖိုးငွေ (၂၅၂၀၀၀၀ိ/-) စုစုပေါင်းပစ္စည်းတန်ဖိုးနှင့် ငွေ (၉၄၂၆၆၅၈ိ/-) အား ကွင်းဆင်းထောက်ပံ့ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းညဏ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှု့အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် ပြန်လည်လက်ခံေရေးအစီအစဉ်များနှင့်UEHRDစီမံကိန်းတွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်UNRC/HC တို့မှ သီးခြားစီလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H. E. Mr. Scot Marcielနှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC/HC)ဖြစ်သူ Mr. Knut Ostbyတို့ကယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ မြေပုံမြို့နယ်မှတောင်ပေါ်ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေးကိစ္စများ၊ IDP စခန်းများတွင် နေထိုင်သူများအတွက်လူမှုရေးနှင့်ဥပဒေဆိုင်ရာကန့်သတ်ချက်များလျော့ချနိုင်ရေးကိစ္စများ၊ နိုင်ငံသားစိစစ်ရေးခံယူရန် (NV)ကတ် ထုတ်ပေးရေးလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းအတွင်းယုံကြည်မှုတည်ဆောက်နိုင်ရေးကိစ္စများနှင့် နိုင်ငံတော်အစိုးရ၏ကြိုးပမ်းအားထုတ်မှုများအားကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက်သတင်းမီဒီယာသမားများအား မောင်တောဒေသသို့ဖိတ်ခေါ်၍မြေပြင်အခြေအနေများသိရှိစေနိုင်ရေးဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးမည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းအတွက် အမေရိကန်အစိုးရမှ အမေရိကန်ဒေါ်လာသန်း ၅၀ ကူညီပေးမည့် … Read more
-
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁-၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်းကျေးရွာ ဒေါ်နော်မုထူနေအိမ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ိ/- နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခဖိုးငွေ(၁၀၅၀၀ိ/-) စုစုပေါင်း (၁၁၀၅၀၀ိ/-) အား (၅-၁-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ (၄-၁-၂၀၁၈) ရက်နေ့့၊ (၁၀း၃၀) နာရီမှ (၁၅းဝဝ) နာရီအထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း (အထူးသဖြင့် ငလျင်းဘေး၊ မီးဘေးနှင့် မြေပြိုဘေးအကြောင်း)၊ ချင်းပြည်နယ်အတွင်း ဖြစ်ပွားတတ်သော ဘေးများအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောပို့ချခဲ့ပြီး တက်ရောက်သူ (၅၀) … Read more
-
ကျောက်မဲမြို့နယ်အောင်မြေသာယာဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်ကြက်သေကျေးရွာမှ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၃-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့နယ်အောင်မြေသာယာဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်ကြက်သေကျေးရွာမှ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၇) ဦးအတွက် (၄-၁-၂၀၁၈) ရက်နေ့၊ (၀၈းဝဝ) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၃၅) စုစာအား ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ ရွှေဖရုံမယ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်တစ်လုံးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၁-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ ရွှေဖရုံမယ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ ဆန်ဖိုး(၂၁၀၀) ကျပ် စုစုပေါင်း(၁၀၂၁၀၀) ကျပ်တိတိအား (၄-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် ဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲရှောင်စခန်းများသို့ ကွင်းဆင်းလေ့လာမှုသတင်း
=================================== Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================== (၂-၁-၂၀၁၈) ရက်နေ့တွင် UNOCHA၊ UNFPA၊ UNWFP၊ UNCIEF နှင့်UNHCR အဖွဲ့မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့ပြီး တိုက်ပွဲရှောင်စခန်းများသို့ ကွင်းဆင်းလေ့လာခဲ့ကာ လိုအပ်ချက်များအား မေးမြန်းခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းလေ့လာရာတွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









