=================================================
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
(၃-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့နယ်အောင်မြေသာယာဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်ကြက်သေကျေးရွာမှ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၇) ဦးအတွက် (၄-၁-၂၀၁၈) ရက်နေ့၊ (၀၈းဝဝ) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၃၅) စုစာအား ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။