ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

5_Pic01

5_Pic02

=================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ (၄-၁-၂၀၁၈) ရက်နေ့့၊ (၁၀း၃၀) နာရီမှ (၁၅းဝဝ) နာရီအထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း (အထူးသဖြင့် ငလျင်းဘေး၊ မီးဘေးနှင့် မြေပြိုဘေးအကြောင်း)၊ ချင်းပြည်နယ်အတွင်း ဖြစ်ပွားတတ်သော ဘေးများအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောပို့ချခဲ့ပြီး တက်ရောက်သူ (၅၀) ဦးထံသို့ (မီး၊ ရေ၊ ငလျင်၊ မုန်တိုင်း၊ မြေပြို၊ မိုးကြိုး၊ ဆူနာမီ၊ မိုးခေါင်) စသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး (မီး၊ ရေ၊ မုန်တိုင်း၊ ငလျင်၊ မိုးကြိုး)စသည့် ဗီနိုင်းပိုစတာများအား ရွာအတွင်းရှိ မြင်သာသောနေရာများတွင် လိုက်ခံချိတ်ဆွဲခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events