စက်ရေတွင်းသစ်တူးဖော်ခြင်းအတွက်အလှူငွေပေးအပ်မှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား
ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူများသည်
နတ်မောက်မြိ့ုနယ်၊ ပိတောက်ငုတ်ကျေးရွာစက်ရေတွင်းသစ်
တူးဖော်ခြင်းအတွက်ဝန်ကြီးဌာနမှလှူဒါန်းငွေသိန်း(၁၀၀)ကို
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာ
ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်
တင်လင်းတို့နှင့်အတူ(၇.၁.၂၀၁၇)ရက်နေ့(၀၉၀၀)အချိန်က
ပိတောက်ငုတ်ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ရှိစက်ရေတွင်းသစ်အနီးတွင်စက်ရေတွင်းဖြစ်မြောက်ရေး
ကော်မတီထံသို့လှူဒါန်းခဲ့ပါသည်။
အဆိုပါစက်ရေတွင်းသစ်တူးဖော်ပေးခြင်းကြောင့်
ကျေးရွာရှိအိမ်ထောင်စု(၁၅၀)လူဦးရေ(၉၀၀)ဦးတို့ကို
သောက်သုံးရေဖူလုံစေမည့်အပြင်တွင်းအနက်(၇၇၀)ပေတွင်
ရေချိုထွက်ရိခြင်းကြောင့်ရွာသူရွာသားများကကျေးဇူးတင်
ဝမ်းမြောက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events