Category Archives: News
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု အားပေးထောက်ပံ့သည့်ခရီးစဉ်၌ အတူလိုက်ပါ၍ အိမ်ထောင်စု (၃၃၂)စု၊ လူဦးရေ (၁၂၇၉) ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှထောက်ပံ့သော ဆန်၊ ဆီ၊ ဆား ကုလားပဲ၊ (၇) ရက်စာ တန်ဖိုး(၃,၆၅၂,၀၂၀) ကျပ်အား တပါတည်းပူးပေါင်းပါဝင်ထောက်ပံ့ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ယနေ့အထိ စုစုပေါင်း ငွေ/ပစ္စည်းတန်ဖိုး (၁၄,၃၁၄,၀၅၀) ကျပ်အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်မိသားစုများနှင့် ရခိုင်ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တတာဝင်းမြတ်အေး လက်ခံ
၁၂-၁-၂၀၁၈၊ ရန်ကုန် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင် မိသားစုများနှင့် ရခိုင ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် ငွေကျပ် (၁၉,၅၀၀,၀၀၀)တန်ဖိုးရှိ ဆာရီ (၂၁၀၀)ထည်၊ တီရှပ် လက်ရှည် (၂၀၀)ထည်၊ ပုဝါ (၃၂၀)ထည်၊ စတီးဟင်းအုပ် အဖုံးပါ (၅၆၄)ခု၊ စတီးထမင်းစားပန်းကန် (၄၀၀)ချပ်၊ ကလေးအဝတ် (၅၂၄)ထည်နှင့် ယောင်္ကျားအတွင်းခံ (၁၀၀၀) ထည်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်မိသားစုများမှ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ … Read more
-
ပြန်လည်လက်ခံရေးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု UEHRD ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်ဆွေးနွေးမှုသတင်း
၁။ ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းUEHRDဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၁၂-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မောင်တောဒေသအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား ပြန်လည်လက်ခံရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ၂။ ပြည်ထောင်စုဝန်ကြီးကတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား မြန််မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နို်င်ငံအကြားလက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံသဘောတူစာချုပ်အရ (၂၃-၁-၂၀၁၈)ရက်နေ့မှစ၍ စနစ်တကျလက်ခံမှုကို စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများ ကြားစခန်းများကိုလည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ ဝင်ရောက်လာသူများအားနေရာချထားမည့် ကျေးရွာများသတ်မှတ်ရန် အတွက်လည်းဆွေးနွေးညှိနှိုင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ UEHRD စီမံကိန်းသည် ပြည်ထောင်စုစီမံကိန်းဖြစ်၍ အားလုံးပါဝင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ကျေးရွာများအားပြန်လည်တည်ဆောက်ရာတွင် သဘာဝဘေး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့၊ အိုးဘိုတောင်ကျေးရွာ (အ.လ.က) ကျောင်းတွင် ဆရာ/ ဆရာမ (၂၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦး စုစုပေါင်း (၁၇၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁ – ၁ – ၂၀၁၈) ရက်နေ့တွင်ကျိုင်းတုံတက္ကသိုလ်၌သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် ဥပဒေအကြောင်းများဟောပြောခြင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား သရုပ် ပြဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ဆောင်ရန်ရှောင်ရန်အချက်များ ပါဝင်သောဗွီနိုင်းများပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ (၁၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေး ကြောင့် ဘေးသင့်ခဲ့သည့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်၊ ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းအုပ်စု၊ ကုန်းသာလင်း ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်းနှင့် မီးဘေး၊ ငလျင်ဘေး ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ရေကြီးရေလျှံဖြစ်လေ့ရှိသော ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း(၆၀၀)ဦးခန့် ပါဝင်ခြင်းဖြင့် စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့၊ အိုးဘိုတောင်ကျေးရွာ (အ.လ.က) ကျောင်း၌ (၁၂-၁-၂၀၁၈) ရက်နေ့တွင် သဘာဝ ဘေးအသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်း သူ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ခဲ့ပြီးသဘာဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၈) မှ (၁၀-၁-၂၀၁၈) ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ နှစ်ခြင်း ဘုရားကျောင်းတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်ခဲ့ပါ သည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ (၃၃) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









