တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၂-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု အားပေးထောက်ပံ့သည့်ခရီးစဉ်၌ အတူလိုက်ပါ၍ အိမ်ထောင်စု (၃၃၂)စု၊ လူဦးရေ (၁၂၇၉) ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှထောက်ပံ့သော ဆန်၊ ဆီ၊ ဆား ကုလားပဲ၊ (၇) ရက်စာ တန်ဖိုး(၃,၆၅၂,၀၂၀) ကျပ်အား တပါတည်းပူးပေါင်းပါဝင်ထောက်ပံ့ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ယနေ့အထိ စုစုပေါင်း ငွေ/ပစ္စည်းတန်ဖိုး (၁၄,၃၁၄,၀၅၀) ကျပ်အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events