ပြန်လည်လက်ခံရေးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု UEHRD ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်ဆွေးနွေးမှုသတင်း

MSWRR_12Jan_Meeting

၁။         ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းUEHRDဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၁၂-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မောင်တောဒေသအကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား ပြန်လည်လက်ခံရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

၂။         ပြည်ထောင်စုဝန်ကြီးကတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား မြန််မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နို်င်ငံအကြားလက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံသဘောတူစာချုပ်အရ (၂၃-၁-၂၀၁၈)ရက်နေ့မှစ၍ စနစ်တကျလက်ခံမှုကို စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများ ကြားစခန်းများကိုလည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ ဝင်ရောက်လာသူများအားနေရာချထားမည့် ကျေးရွာများသတ်မှတ်ရန် အတွက်လည်းဆွေးနွေးညှိနှိုင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ UEHRD စီမံကိန်းသည် ပြည်ထောင်စုစီမံကိန်းဖြစ်၍ အားလုံးပါဝင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ကျေးရွာများအားပြန်လည်တည်ဆောက်ရာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့်အညီဆောင်ရွက်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်းဥပဒေဆိုင်ရာအကြံပြုထားပါကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိပြဿနာကိုဖြေရှင်းရာတွင် လက်ရှိရင်ဆိုင်နေရသော နိုင်ငံတကာနှင့်ပတ်သက်သည့် အခက်အခဲများကိုအလေးထား၍ မိမိတို့၏ လုပ်ရပ်မှန်ဖြင့် ဆောင်ရွက်ပြသရမည် ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများမှလည်းအချိန်အတိုင်းအတာတစ်ခုရောက်ရှိချိန်တွင်လိုအပ်ချက်ပေါ်မူတည်၍ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား ၄င်းတို့၏မူလနေရာ(သို့မဟုတ်) မူလနေရာနှင့်အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားမည်ဟူ၍ နှစ်နိုင်ငံသဘောတူစာချုပ်တွင်ပါရှိပါကြောင်း၊ ကျေးရွာများ ပြန်လည်တည်ဆောက်ရာတွင် နိုင်ငံတကာစံချိန်စံညွန်းများနှင့််အညီကျေးရွာတစ်ခုတွင်ပါဝင်ရမည့်အချက်များဖြစ်သောရဲစခန်း၊ကျောင်း၊ ဆေးခန်း၊ စျေးစသည်တို့ဖြင့် စနစ်တကျ ဖွဲ့စည်းပါဝင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေးနှင့်ပတ်သက်၍ အချိန်အကန့်အသတ်ဖြင့် ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ လက်ခံရေးစခန်းများနှင့် ကြားစခန်းကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်လို်ပါကြောင်း၊ လိုအပ်ချက်အလိုက် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာUEHRDဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့က ကဏ္ဍအလိုက် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လက်ခံရေးစခန်းများတွင် လာရောက်တာဝန်ထမ်းဆောင်ကြမည့်  ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့အစည်များအဆင်ပြေစွာဆောင်ရွက်နိုင်ရေးလိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

၃။         ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်တွေ့အကောင်အထည် ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စများကို ပြောကြားပါသည်။ ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုုင်းမှူး ကိုယ်စား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးက မောင်တောဒေသ၏ မြေပြင်အခြေအနေအရ         ပြန်လည်နေရာချထားရန် လိုအပ်သော လုံခြုံရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က သက်ဆိုင်ရာဌာနအလိုက် ကူညီပံ့ပိုးရမည့် ကိစ္စရပ်များကို အကြံပြု ပြောကြားခဲ့ပါသည်။

၄။         ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ််အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events