ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ (၁၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေး ကြောင့် ဘေးသင့်ခဲ့သည့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်၊ ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်၊ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၅၀၆,၃၀၀) ကျပ်တို့အား (၁၂-၁-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)