ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်မိသားစုများနှင့် ရခိုင်ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တတာဝင်းမြတ်အေး လက်ခံ

mswrr 2

၁၂-၁-၂၀၁၈၊ ရန်ကုန်
မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင် မိသားစုများနှင့် ရခိုင ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် ငွေကျပ် (၁၉,၅၀၀,၀၀၀)တန်ဖိုးရှိ ဆာရီ (၂၁၀၀)ထည်၊ တီရှပ် လက်ရှည် (၂၀၀)ထည်၊ ပုဝါ (၃၂၀)ထည်၊ စတီးဟင်းအုပ် အဖုံးပါ (၅၆၄)ခု၊ စတီးထမင်းစားပန်းကန် (၄၀၀)ချပ်၊ ကလေးအဝတ် (၅၂၄)ထည်နှင့် ယောင်္ကျားအတွင်းခံ (၁၀၀၀) ထည်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်မိသားစုများမှ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events