Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
၁၄-၂-၂၀၁၈၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ဘဝ ကနဦး ပထမရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရ ပြည့်ဝစွာ စားသုံးခွင့်ရ၍ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များအဖြစ် ရှင်သန် ကြီးပြင်း နိုင်စေရေးရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်အား အာဟာရအခြေအနေ နိမ့်ပါးသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ များတွင် စတင်အကောင်အထည်ဖော်လျက် ရှိပါသည်။ ယနေ့ ၁၄.၂.၂၀၁၈ ရက်နေ့တွင် အဆိုပါအစီအစဉ်အရ … Read more
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့ခဲ့သည့် တဲအိမ်များမှ မိသားစုများထံ ထောက်ပံ့မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၄-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် တဲအိမ် (၂၁) လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၆၃၀၀၀၀) ကျပ်နှင့် ပြောင်ရွှေ့အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈)ဖွင့်လှစ်ကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈) အခမ်းအနားအား တောင်ငူ မြို့ခပေါင်းခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ချမ်းငြိမ်းသူ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိ၊ ရပ်ဖများ NGO များနှင့် သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်း ကာလမှာ (၁၄-၂-၂၀၁၈)ရက်နေ့မှ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင် မြို့၊ ဘိုကုန်းရပ်ကွက်တွင် (၁၃-၂-၂၀၁၈) ရက်နေ့့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသောနေအိမ် (၂) လုံး ၊ ဒဏ်ရာရလူနာတစ်ဦးနှင့် ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးငွေ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ၊ Family Kit (၂) ထုပ်၊ ပလစ်စတစ်ပုံး (၄) ပုံးနှင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၈) တို့ အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်(၂)ခု၌ မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း အားကျင်းပပြုလုပ်ခဲ့ရာ ရွှေတောင်မြို့နယ်ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေး၊ စည်ပင်၊ ပရဟိတအသင်းနှင့် ပြည်သူအင်အား စုစုပေါင်း (၁၈၀) ဦးခန့်တို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ငလျင်အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်စားနပ်ရိက္ခာများလည်း ပံ့ပိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြည်မြို့၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၁၄-၂-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြည်ခန်းမ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း ရ၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၄-၂-၂၀၁၈) ရက်နေ့မှ (၁၆-၂-၂၀၁၈) ရက်နေ့အထိ သင်တန်းသား/သူ ၃၃ ဦးဖြင့် သင်တန်းကာလ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း … Read more
-
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈) ရက်နေ့၊ (၁၄းဝဝ ~ ၁၅း၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ ၅၀ ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့ခဲ့သည့် တဲအိမ်များမှ မိသားစုများထံ ထောက်ပံ့မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၃-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် တဲအိမ် (၃၄) လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၀၂၀၀၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာ၌ (၁၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ Family Kit (၁) ထုပ်၊ ပလပ်စတစ်ပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀) ကျပ်တို့အား (၁၃-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
တောင်တွင်းကြီးမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်း ၁/၂၀၁၈ ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ထွေ/အုပ်ရုံးခန်းမတွင် (၁၃-၂-၂၀၁၈)ရက်နေ့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်မွမ်းမံ သင်တန်းကိုဖွင့်လှစ်ပေးခဲ့ရာသင်တန်းဖွင့်ပွဲသို့ မြို့နယ်အတွင်းမှသင်တန်းသား(၄၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၃-၂-၂၀၁၈)ရက်နေ့မှ (၁၆-၂-၂၀၁၈)ရက်နေ့ထိ (၄)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









