နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့ခဲ့သည့် တဲအိမ်များမှ မိသားစုများထံ ထောက်ပံ့မှုသတင်း

15_Pic01

=================================================
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၄-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် တဲအိမ် (၂၁) လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၆၃၀၀၀၀) ကျပ်နှင့် ပြောင်ရွှေ့အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events