သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈)ဖွင့်လှစ်ကျင်းပမှုသတင်း

14_Pic_02 14_Pic_03
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈) အခမ်းအနားအား တောင်ငူ မြို့ခပေါင်းခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ချမ်းငြိမ်းသူ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိ၊ ရပ်ဖများ NGO များနှင့် သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်း ကာလမှာ (၁၄-၂-၂၀၁၈)ရက်နေ့မှ (၁၆-၂-၂၀၁၈)ရက်နေ့အထိ (၃) ရက်တာကြာမြင့်စွာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

Source:    ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events