
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်(၂)ခု၌ မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း အားကျင်းပပြုလုပ်ခဲ့ရာ ရွှေတောင်မြို့နယ်ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေး၊ စည်ပင်၊ ပရဟိတအသင်းနှင့် ပြည်သူအင်အား စုစုပေါင်း (၁၈၀) ဦးခန့်တို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ငလျင်အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်စားနပ်ရိက္ခာများလည်း ပံ့ပိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)