ရေကြည်မြို့၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

14_Pic01

14_Pic02

14_Pic03
=================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၁၄-၂-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြည်ခန်းမ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း ရ၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၄-၂-၂၀၁၈) ရက်နေ့မှ (၁၆-၂-၂၀၁၈) ရက်နေ့အထိ သင်တန်းသား/သူ ၃၃ ဦးဖြင့် သင်တန်းကာလ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events