Category Archives: News
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၂-၂၀၁၈) နေ့၊ (၀၈း၃၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလမှာ (၁၆-၂-၂၀၁၈) နေ့မှ (၁၇-၂-၂၀၁၈) ရက်နေ့အထိ (၂) ရက် တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းရသောပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈)နေ့တွင် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာ၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၇)လုံး၊ အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ (၂၇) အိမ်ထောင်စာ (ပစ္စည်းတန်ဖိုး- ၄၉၉၇၇၀ ကျပ်)အား (၁၅-၂-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းကာဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဗဟုသုတများတိုးပွားပြီး ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စနစ်တကျရင်ဆိုင်တုန့်ပြန်နိုင်ရေးအတွက် ချမ်းမြသုခ လူမှုကူညီရေးအသင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်လေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်းနှင့် ဖြစ်ပေါ်နိုင်ခြေရှိသည့် ငလျင်ဘေးအန္တရာယ် သိကောင်းစရာဗဟုသုတများအကြောင်း သွားရောက် ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြောင်းရွှေ့တဲအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် နန်စီပွန်ရတနာ နယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့တဲအိမ် (၂၄)လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀၀/-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ
၁၅-၂-၂၀၁၈၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်ဖွင့်လှစ်ဆောင်ရွက်နေမှုများနှင့် ယခုလှူဒါန်းသောပစ္စည်းများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အကျိုးရှိစွာအသုံးပြုမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမရာမော်နိုင်က … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မုံရွာမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၃၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈)ရက်နေ့တွင် ဦးပဉ္ဇဇင်း ဦးဥတ္တမသည် ရန်ကုန်မြို့ ကျောက်တိုင်(စိစစ်ဆဲ)စာသင်သံဃာတော်သည် ၎င်း၏ဇာတိဖြစ်သော နမ့်ဆန်မြို့နယ်၊ ကိုက်တိုင် ကျေးရွာ ရှိ မိဘများထံလာရောက်လည်ပတ်ခဲ့ပြီး ကျောက်မဲမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ နယ်မြေရဲစခန်း၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ မန်ခေါက်ကျေးရွာအုပ်စု ခုံငင်းရွာနှင့် ပုံးလုံအုပ်စု နမ့်မန်းရွာအကြားအရောက်၌ မိုင်း(၁)လုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ဦးပဉ္ဇဇင်းဦးဥတ္တမအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ပန်ဟူးကျေးရွာအုပ်စု၊ ပန်တောင်အောက်ကျေးရွာ၌ (၂၁-၁-၂၀၁၈) ရက်နေ့ တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၄)၊ အိမ်ထောင်စု (၄) စုမှ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင်လည်းကောင်း (၁၃-၂-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈) ရက်နေ့တွင် ကွမ်းစလန်း အုပ်စု၊ ကွမ်းစလန်းကျေးရွာ၊ ကျောက်မဲမြို့နယ်နေသူ အိုက်သိန်း (ခ)ထွန်းသိန်းသည် မိဘပိုင်လက်ဖက်ခြံသို့ သွားရောက်၍ ပေါင်းပင် များရှင်းလင်းပြီး ကျေးရွာသို့ပြန်လာစဉ် ကွမ်းစလန်းကျေးရွာ၏မြောက်ဘက် (၁)မိုင်ခန့်အကွာ လမ်း၏ ယာဘက်မှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် အိုက်သိန်းအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲ အခမ်း အနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပြဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၅-၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









