ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈)ရက်နေ့တွင် ဦးပဉ္ဇဇင်း ဦးဥတ္တမသည် ရန်ကုန်မြို့ ကျောက်တိုင်(စိစစ်ဆဲ)စာသင်သံဃာတော်သည် ၎င်း၏ဇာတိဖြစ်သော နမ့်ဆန်မြို့နယ်၊ ကိုက်တိုင် ကျေးရွာ ရှိ မိဘများထံလာရောက်လည်ပတ်ခဲ့ပြီး ကျောက်မဲမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ နယ်မြေရဲစခန်း၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ မန်ခေါက်ကျေးရွာအုပ်စု ခုံငင်းရွာနှင့် ပုံးလုံအုပ်စု နမ့်မန်းရွာအကြားအရောက်၌ မိုင်း(၁)လုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ဦးပဉ္ဇဇင်းဦးဥတ္တမအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)