မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၂-၂၀၁၈) နေ့၊ (၀၈း၃၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလမှာ (၁၆-၂-၂၀၁၈) နေ့မှ (၁၇-၂-၂၀၁၈) ရက်နေ့အထိ (၂) ရက် တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events